ဒုဥက္ကဋ္ဌသတင်းများ

ရခိုင်ပြည်နယ် ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်

နေပြည်တော် ဧပြီ ၃ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုး တိုးတက်ရေးအကောင်အထည်ဖော်ရေး ဗဟို ကော်မတီသည် ဒေသတွင်း ပြန်လည်နေရာချထား ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီ၏ အကောင်အထည်ဖော်မှုဖြင့် ရခိုင်ပြည်နယ် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ ဒေသတွင်းပြန်လည်နေရာချထားရေး လုပ်ငန်းကို စတင်အကောင်အထည်ဖော်ရန် စီစဉ် ဆောင်ရွက်လျက်ရှိသည်။ ဒေသတွင်းပြန်လည် နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်မှာ ရခိုင်ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်မှာ အဓိကပါဝင်သော အချက်တစ်ချက်ဖြစ်ပါသည်။ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းစက်မှုဇုန်တွင် CMP အထည်ချုပ်လုပ်ငန်းများ အကောင်အထည်ဖော်ရန် အတွက် စီမံဆောင်ရွက်လျက်ရှိရာ ကနဦးဆောင်ရွက် ချက်အနေဖြင့် စစ်တွေမြို့ ဆပ်ရိုးကျ ရပ်ကွက်တွင် အထည်ချုပ်စက်ရုံငယ်တစ်ခုကို တည်ထောင်ပြီး လုပ်ငန်းစတင် လည်ပတ်လျက်ရှိရာ ရခိုင်တိုင်းရင်းသူ အမျိုးသမီးဝန်ထမ်းအင်အား တစ်ရာကျော် အလုပ်အကိုင်ရရှိလျက်ရှိသည်။ ရန်ကုန်မြို့နှင့် ဆက်လက်ဖတ်ရှု့ရန်

ဥက္ကဋ္ဌသတင်းများ

ဒေသဖွံ့ဖြိုးရေးအတွက် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ပြည်နယ်အစိုးရတိုက်တွန်း

ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်ပင်ညှိနှိုင်း ဆောင်ရွက်ကြဖို့ လွှတ်တော်ဿက္ကဌ ဦးစံကျော်လှက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ဒီနေ့တိုက်တွန်း လိုက်ပါတယ်။             ဒီနေ့စတင်ကျင်းပတဲ့ ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ပထမနေ့မှာ ပြည်နယ် လွှတ်တော်ဉက္ကဌ ဦးစံကျော်လှက မိန့်ခွန်းပြောကြားရာမှာ ပါဝင်ပြောကြားခဲ့ပါသည်။