သတင်းနှင့်ပြန်ကြားရေးကဏ္ဍ ဥက္ကဋ္ဌသတင်းများ

ကျောက်တော်မြို့နယ်၊ ဘုရားပေါင်း ကျေးရွာနှင့် တောင်ပေါက်ကျေးရွာ မီးဘေးသင့်သူ များအတွက် ရခိုင်ပြည်နယ်လွှတ်တော်မှ ထောက်ပံ့ငွေများပေးအပ်။

စက်တင်ဘာလ ၃ ရက်နေ့ညပိုင်းက နေအိမ်များ မီးရှို့ခံခဲ့ရမှုကြောင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တောင်ပေါက် ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာ  မီးဘေးသင့်သူ များအတွက် ရခိုင်ပြည်နယ်လွှတ်တော် မှ အလှူငွေ ကျပ် ၁ဝသိန်း ကို စက်တင်ဘာလ ၆ ရက်နေ့က ပေးအပ်ထောက်ပံ့ခဲ့သည်။ ထောက်ပံ့ငွေများကို ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စား မြောက်ဦးမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်မှ တစ်ဆင့် ပြန်လည် ထူထောင်ရေး အဖွဲ့သို့ပေးအပ်ခဲ့သည်။ မီးရှို့ခံရမှုကြောင့် အဆိုပါကျေးရွာများရှိ နေအိမ် ၁၈၀ ကျော် ပျက်စီးခဲ့ကာ လူဦးရေ ၁၅၀၀ ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ကြရပြီး လက်ရှိတွင် စားဝတ်နေရေး အတွက် အကူအညီများ လိုအပ်လျက် ရှိကြောင်း သတင်းရရှိသည်။

ဥက္ကဋ္ဌသတင်းများ

ရခိုင်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဦးမြသန်းနှင့် ဌာန ဆိုင်ရာများ၊ ရပ်/ကျေးအုပ်မှူး များနှင့်တွေ့ဆုံ

၂၀၁၉ အောက် ၁၀၀၀ အချိန် အမ်းမြို့၊ မြို့နယ်ထွေ/အုပ် အစည်းအဝေးခန်းမ၌ ရခိုင်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဦးမြသန်းနှင့် ဌာန ဆိုင်ရာများ၊ ရပ်/ကျေးအုပ်မှူး များနှင့်တွေ့ဆုံ၍ ၂၀၁၉_၂၀၂၀ စီမံကိန်းလုပ်ငန်းများ၊ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ် သက်၍ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ဒုဥက္ကဋ္ဌသတင်းများ

ရခိုင်လွှတ်တော် ဒုဥက္ကဋ္ဌ အဖြစ် ရခိုင်အမျိုးသားပါတီ မှ ဦးမြသန်း အား ရွေးချယ်

ဇူလိုင်လ ၁၄ရက်နေ့ က ပြုလုပ်သည့် ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး (အဋ္ဌမနေ့)တွင် ရခိုုင်ပြည်နယ်လွှတ်တော် ၏လစ်လပ်လျက်ရှိသည့် လွှတ်တော် ဒုတိယဥက္ကဋ္ဌ ရာထူးအတွက် ကိုယ်စားလှယ်ရွေးချယ်ပွဲအား ထည့်သွင်းပြုလုပ်ခဲ့သည်။ ယခင်က ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သည့်ဦးဖိုးမင်းသည် ဒုတိယအကြိမ် ရခိုင်ပြည်နယ် လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးများ မကျင်ပမီ ကွယ်လွန်သွားခဲ့သောကြောင့် လစ်လပ်နေသည့် လွှတ်တော်ဒုဥက္ကဋ္ဌ ရာထူးအတွက် ပြန်လည်ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်သည့်ကိုယ်စားလှယ် ၃ဦး ရှိခဲ့ပြီး၊ ၄င်းတို့ အနက် ရခိုင်အမျိုးသားပါတီ မှမြေပုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) ကိုယ်စားလှယ်ဦးမြသန်း အား လွှတ်တော် ကိုယ်စားလှယ် အများစု က မဲပေး ဆက်လက်ဖတ်ရှု့ရန်

ဥက္ကဋ္ဌသတင်းများ

ရခိုင်အရေးကို ပွင့်လင်းမြင်သာစွာနဲ့ သတ္တိရှိရှိ ဆွေးနွေးကြဖို့ လွှတ်တော်ဥက္ကဌတိုက်တွန်း

ရခိုင်ပြည်နယ်အရေးကိစ္စတွေကို ဆွေးနွေးတဲ့အခါမှာ ပွင့်လင်းမြင်သာစွာနဲ့ သတ္တိရှိရှိ ပြောရဲဆိုရဲ ရှိကြဖို့အတွက် ကိုယ်စားလှယ်တွေကို လွှတ်တော်ဥက္ကဌက တိုက်တွန်းပြောကြားလိုက်ပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။ ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေအနေတွေမှာ ရခိုင်ပြည်သူတွေအနေနဲ့ ကြီးမားတဲ့ပြဿနာတွေကို ရင်ဆိုင်နေကြရရဲဆိုရဲဖို့ လိ်ုအပ်တယ်လို့ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌက ဒီကနေ့ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ဒဿမပုံမှန်အစည်းပြီး အဲ့ဒီကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ပြောဆိုဆွေးနွေးကြတဲ့အခါမှာ ကိုယ်စားလှယ်တွေအနေနဲ့ ပွင့်လင်းမြင်သာမှုရှိစွာ သတ္တိရှိရှိ ပြောအဝေး ပထမနေ့မှာ ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် မိမိတို့ဟာ ရခိုင်ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ လူထုကိုယ်စားလှယ်တွေဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်ရဲ့ ပြဿနာတွေကိုပြေလည်မှုရရှိလာအောင် ဆောင်ရွက်ကြဖို့ တာဝန်ရှိကြောင်းနဲ့ ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ လုပ်ဆောင်ဖို့လိုအပ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ကိုယ်စားလှယ်တွေမနေနဲ့ သတ္တိရှိရှိပြောဆိုဆွေးနွေးမှုတွေ ဆောင်ရွက်ကြတဲ့အခါ တခြားသူကို မထိခိုက်ဘဲ ဆက်လက်ဖတ်ရှု့ရန်

ဥက္ကဋ္ဌသတင်းများ

ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ အား တူရကီနိုင်ငံသံအမတ် H.E. Mr Kerem DivanLioglus နှင့်အဖွဲ့လာရောက်တွေ့ဆ

ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှအား တူရကီ နိုင်ငံသံ အမတ် H.E. Mr Kerem DivanLioglus နှင့်အဖွဲ့သည် ဒီဇင်ဘာလ ၁၀ရက် မွန်းလွဲ ၂နာရီက ရခိုင်ပြည်နယ်လွှတ်တော်ရုံး ဥက္ကဋ္ဌ ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။ ယင်းသို့တွေ့ဆုံစဉ် တစ်ဖက်နိုင်ငံတွင်ရောက်ရှိနေသည့် နေရပ်စွန့်ခွါသူများအား ပြန်လည်ဝင်ရောက်မည့်ကိစ္စရပ်များတွင် ကြုံတွေ့နေရသောစိန်ခေါ်မှုများ၊ နိုင်ငံသားဖြစ်မှုဆိုင်ရာ တောင်းဆိုနေမှုများ၊ ပြန်လည်ဝင်ရောက်လာသူများကြားထဲတွင် အကြမ်းဘက်သမားများ ပါဝင်လာပြီး ဒေသတွင်မတည်မငြိမ်ဖြစ်ပွါးလာနိုင်သည့်အခြေအနေနှင့် ရခိုင်တိုင်းရင်းသားများ၏ စိုးရိမ်ပူပန်နေမှုများ၊ လူ့အခွင့်အရေးဆိုင်ရာ နှင့်ပါတ်သတ်ပြီး နိုင်ငံတစ်နိုင်ငံချင်း၏ သဘောထားအမြင်နှင့် ရပ်တည်မှုကွာဟချက်များနှင့်ပါတ်သတ်ပြီး ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲသို့ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှနှင့်အတူ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြသန်း၊ ရသေ့တောင်မြိုကနယ်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်တို့တက်ရောက်ခဲ့ကြပြီး တူရကီနိုင်ငံသံအမတ် နှင့်အတူ ဒုတိယသံအမတ် Mr. Eymen Ozsahin  IKA မှ ဆက်လက်ဖတ်ရှု့ရန်

ဥက္ကဋ္ဌသတင်းများ

ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအား လက္ကာကျေးရွာမှ ဒေသခံများနှင့် လူမှုအဖွဲ့အစည်းမှ တာဝန်ရှိသူများလာရောက်တွေ့ဆုံ

ရခိုင်ပြည်နယ်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှအား မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှ မသင်္ကာမှုဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသူများ၏ မိသားစုဝင်များနှင့် လူမှုအဖွဲ့အစည်းတစ်ချို့မှ တာဝန်ရှိသူများသည် ဧပြီလ ၂၅ ရက် မနက်ပိုင်းက ရခိုင်ပြည်နယ်လွှတ်တော်ရုံး လာရောက်တွေ့ဆုံခဲ့သည်။ တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမြသန်း၊မြောက်ဦးမြို့နယ်မှ ပြည်သူလွှတ်တော် တော်ကိုယ်စားလှယ် ဦးဦးလှစော ၊မြောက်ဦးမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်တို့တက်ရောက်ခဲ့ပြီး ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူများ၏ မိသားစုဝင်များက ဖမ်းဆီးခြင်း ခံရသူများနှင့် တွေ့ဆုံလိုသည့် ကိစ္စ၊အပြစ်မရှိသူများ ကိုပြန်လွှတ်ပေးမည့်ကိစ္စ၊ ဖမ်းဆီးခြင့်ခံထားရစဉ် အကြောင်း အမျိုးမျိုးကြောင့် သေဆုံးသွားသူများ၏ ရုပ်အလောင်းများအား မိသားစု ထံပြန်လည် အပ်နှံနိုင်ရေး ကိစ္စ၊ကျေးရွာတွင်းလက်ရှိဖြစ်ပွါးနေသောအခြေအနေများနှင့်ပတ်သတ်ပြီးရခိုင်ပြည်နယ် လွှတ်တော်အနေဖြင့် ကူညီဆောင်ရွက်ပေးနိုင်ရေး၊များကို တင်ပြအကူအညီတောင်းခံခဲ့ကြသည်။ လက္ကာကျေးရွာဒေသခံများ၏ အကူအညီတောင်းခံမှုအား ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှမှ သက်ဆိုင်ရာများနှင့် ဆက်သွယ်ညှိနိုင်းဆောင်ရွက်ပေးခဲ့ပြီး အားပေးစကားပြောကြားခဲ့ကြောင်းသိရသည်။

ဥက္ကဋ္ဌသတင်းများ

ပါတီစွဲ ကင်းရှင်းစွာ ရပ်တည်မည်ဟု ရခိုင်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှ ပြောကြား

ယမန်နေ့ ဖေဖေါ်ဝါရီ ၈ ရက်နေ့က ပြည်နယ်လွှတ်တော် ဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက် ခံခဲ့ရတဲ့ ရခိုင်အမျိုးသားပါတီရဲ့ ပုဏ္ဏားကျွန်းမြို့နယ် မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစံကျော်လှက သူ့အနေနဲ့ ပါတီစွဲ စိတ်မထားဘဲ အဂတိတရား ကင်းရှင်းစွာ ရပ်တည်သွားမှာ ဖြစ်ကြောင်း RiA ကို ပြောကြားလိုက်ပါတယ်။“ကျွန်တော်က ပါတီမှာလည်း တာဝန်တစ်ခုရှိတယ်။ အခု လွှတ်တော်တာဝန်ကိုပါ ထမ်းဆောင်ပေးဖို့ အတွက် လွှတ်တော်ကိုယ်စားလှယ်တွေ ကနေ ပေးအပ်တဲ့အတွက် နောက်ထပ် တာဝန်တစ်ခုကို ထမ်းဆောင်ရတော့မှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ အဂတိတရားတွေကို ကင်းကင်း ရှင်းရှင်းဖြစ်အောင် ပြုလုပ်သွားမှာပါ။ ဘယ်ပါတီက တင်သွင်းတဲ့ အဆိုတွေမို့ ပိုပြီး အလေးသာစေမယ် ဆိုခြင်းထက် ရခိုင်ပြည်နယ်အတွက် အမှန်တကယ်လိုအပ်တဲ့ အရာတွေကိုသာ ဦးစားပေးသွားမှာပါ” မနေ့က ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ်မြောက် ဆက်လက်ဖတ်ရှု့ရန်

ဥက္ကဋ္ဌသတင်းများ

ဒုက္ခသည်ကူဖို့ ရခိုင်ပြည်နယ် လွှတ်တော်အတည်ပြု

ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးဖို့ အရေးကြီးအဆိုကို ရခိုင်ပြည်နယ်လွှတ်တော်မှာ ဒီနေ့ အတည်ပြုလိုက်ပါတယ်။ အဲ့ဒီအဆိုကို ကန့်ကွက်မယ့်သူမရှိတဲ့အတွက် အတည်ပြုကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက ကြေညာခဲ့ပါတယ်။ “ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားလျှက်ရှိသော တိုင်းရင်းသားလက်နက်ကိုင် AA တပ်နှင့် မြန်မာ့တပ်မတော် တို့၏ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာကြသော ဒေသခံဒုက္ခသည်များရဲ့ စားဝတ်နေရေးနဲ့ လူမှုကယ်ဆယ်ရေးလုပ်ငန်းများကို မိုးမတိုင်မီ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အမြန်ဆုံးအကူအညီပေးသင့်ကြောင်း တိုက်တွန်းသည့် အရေးတကြီးအဆိုအား ပြည်နယ်လွှတ်တော်က အတည်ပြုကြောင်း ကြေညာအပ်ပါတယ်” အဆိုအပေါ် ANP လွှတ်တော်ကိုယ်စားလှယ် ၅ ဦးက ဆွေးနွေးခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်အစိုးရ လုံခြုံရေး နဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ဒုက္ခသည်တွေကို အကူအညီပေးဖို့အတွက် လွှတ်တော်ကိုယ်စား လှယ်တွေရဲ့ အကြံပြုချက်တွေကို အလေးအနက်ထားဆောင်ရွက်သွားမယ်လို့ တင်ပြခဲ့ပါတယ်။ “ကျနော်တို့အစိုးရအဖွဲ့အနေနဲ့ ကိုယ်စားလှယ်ကြီးများရဲ့ ဆွေးနွေးချက်များ ဆက်လက်ဖတ်ရှု့ရန်

ဥက္ကဋ္ဌသတင်းများ

ဘူးသီးတောင် မောင်တောဒေသ ခံတွေ နေရပ်စွန့်ခွာနေတာကို ကာကွယ်ဖို့ လွှတ်တော်ဥက္ကဌပြော

ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးကို ဇွန်လ ၂၇ ရက်နေ့က ကျင်းပနေစဉ် ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောဒေသခံတွေဟာ အသက်အန္တရာယ်စိုးရိမ်ရတာကြောင့် နေရပ်စွန့်ခွာ မှုတွေရှိနေတာကို ကာကွယ်နိုင်ဖို့အတွက် လွှတ်တေေ့ာ်နဲ့ အစိုးရ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်း ရခိုင်ပြည် နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက ဒီန ပြောလိုက်ပါတယ်။ဒီနေ့စတင်ကျင်းပတဲ့ ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ “အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေဖြစ်လို့ နေရပ်ကိုစွန့်ခွာနေရတာဖြစ်ပါတယ်၊ ပြည်သူတွေအတွက် ကျနော်တို့ကာကွယ်ပေးရပါမယ်၊ လွှတ်တော်ရော၊ အစိုးရပါ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်” လွှတ်တော်နဲ့အစိုးရဆိုတာ အမြဲတမ်းသဟဇာတမဖြစ်နိုင်ပေမယ့် အမျိုးသားအကျိုးစီးပွားနဲ့ နယ်မြေတည်တံ့ခိုင် မြဲရေးကိစ္စတွေမှာ တသားတည်းကျဖို့ လိုအပ်တယ်လို့လည်း လွှတ်တော်ဥက္ကဌက ပြောခဲ့ပါတယ်။ ဘူးသီးတောင် မောင်တောဒေသမှာ နေထိုင်တဲ့ တိုင်းရင်းသားတွေဟာ ၂၀၁၂ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနောက်ပိုင်း နေရပ်စွန့်ခွာမှုတွေရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ် ဆက်လက်ဖတ်ရှု့ရန်

ဥက္ကဋ္ဌသတင်းများ

ဒေသဖွံ့ဖြိုးရေးအတွက် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ပြည်နယ်အစိုးရကို တိုက်တွန်း

ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ တွေ့ရစဉ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်ပင်ညှိနှိုင်း ဆောင် ရွက်ကြဖို့ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစံကျော်လှ က ရခိုင်ပြည်နယ်အစိုးရအဖွဲဲ့ကို ဒီနေ့ တိုက်တွန်းလိုက် ပါတယ်။ ဒီနေ့ စတင်ကျင်းပတဲ့ ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့မှာ ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက မိန့်ခွန်းပြောကြားရာမှာ တိုက်တွန်း ပြောကြားခဲ့တာဖြစ်ပါတယ်။ “အစိုးရအဖွဲ့အနေနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်တဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ်များနဲ့ အတတ် နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်ပေးကြပါ၊ ကိုယ်စားလှယ်များအနေနဲ့လည်း မိမိတို့ဆောင်ရွက်မှုဟာ ဝင်ရောက်စွက် ဖက်သလို မဖြစ်ရအောင် ရှောင်ကြည်ဖို့ တိုက်တွန်းပါတယ်” လွှတ်တော်တွေရဲ့ သဘာဝအတိုင်း လွတ်လပ်စွာ သဘောထားကွဲလွဲတာတွေနဲ့ အမြင်မတူတာတွေ ရှိကြမှာဖြစ် ဆက်လက်ဖတ်ရှု့ရန်