စက်တင်ဘာလ ၃ ရက်နေ့ညပိုင်းက နေအိမ်များ မီးရှို့ခံခဲ့ရမှုကြောင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တောင်ပေါက် ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာ မီးဘေးသင့်သူ များအတွက် ရခိုင်ပြည်နယ်လွှတ်တော် မှ အလှူငွေ ကျပ် ၁ဝသိန်း ကို စက်တင်ဘာလ ၆ ရက်နေ့က ပေးအပ်ထောက်ပံ့ခဲ့သည်။ ထောက်ပံ့ငွေများကို ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စား မြောက်ဦးမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်မှ တစ်ဆင့် ပြန်လည် ထူထောင်ရေး အဖွဲ့သို့ပေးအပ်ခဲ့သည်။ မီးရှို့ခံရမှုကြောင့် အဆိုပါကျေးရွာများရှိ နေအိမ် ၁၈၀ ကျော် ပျက်စီးခဲ့ကာ လူဦးရေ ၁၅၀၀ ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ကြရပြီး လက်ရှိတွင် စားဝတ်နေရေး အတွက် အကူအညီများ လိုအပ်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းနှင့်ပြန်ကြားရေးကဏ္ဍ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ရခိုင်ပြည်နယ်ဆိုင်ရာ အစီရင်ခံစာအရ အရှိန်အဟုန်မြှင့် မြန်ဆန်စွာ ဆောင်ရွက်သင့်သည့် လုပ်ငန်းများ ညှိနှိုင်းအစည်းအဝေး တက်ရောက်
ရခိုင်ပြည်နယ်ဆိုင်ရာ ဆောင်ရွက်ချက်များတွင် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (Independent Commission on Enquiry – ICOE)၏ အကြံပြုချက်များမှ အရှိန် အဟုန်မြှင့် မြန်ဆန်စွာဆောင်ရွက်သင့်သည့် လုပ်ငန်းများနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက် ချက်များကို ပြန်လည်သုံးသပ်ခြင်း၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများကို ညှိနှိုင်းဆောင် ရွက်ခြင်းနှင့် တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်ထွက်ပြေးခြင်း မပြုသည့် နေရပ်စွန့်ခွာသူများ နေထိုင်ရာကျေးရွာများထဲမှ ကျေးရွာ(၇)ရွာကို ပြန်လည်နေရာချထားရေး ဆောင်ရွက်နေမှု များနှင့်စပ်လျဉ်း၍ ကျေးရွာနေသူများ၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်နယ်ဧည့်ဂေဟာရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးတွင် ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုး တက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရခိုင် ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်ဖြစ်ရပ်များ နှင့်ပတ်သက်၍ ဆက်လက်ဖတ်ရှု့ရန်
ဆရာတော်၊သံဃာတော်များအား ပင့်လျှောက်၍ မော်တော်ယာဥ်ဖြင့် အန္တရာယ်ကင်းပရိတ်လှည့်လည်ရွတ်ဖတ်ပူဇော်
၂၉.၃.၂၀၂၀ ရက်နေ့ ၁၆၀၀ချိန်မှစ၍အမ်းမြို့အတွင်း ဆရာတော်၊သံဃာတော်များအား ပင့်လျှောက်၍ မော်တော်ယာဥ်ဖြင့် အန္တရာယ်ကင်းပရိတ်လှည့်လည်ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သတင်းထုတ်ပြန်အပ်သည်။
COVID-19 (ကိုရိုနာ)ရောဂါ ကွယ်ရေးနှင့်ပတ်သက်၍ လှုပ်ရှားဆောင်ရွက်မှုများ
၅.၄.၂၀၂၀ ရက်နေ့ထိ အမ်းမြို့နယ်အတွင်း COVID-19 (ကိုရိုနာ)ရောဂါ ကွယ်ရေးနှင့်ပတ်သက်၍ လှုပ်ရှားဆောင်ရွက်မှုများ မှတ်တမ်းအချို့အားသတင်းထုတ်ပြန်ခြင်း
အိမ်ထောင်စု(၄၃၀)စုအား အခြေခံကုန်ပစ္စည်း များ စတင်ထောက်ပံ့မှု
၂၀၂၀ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ ၀၈၀၀ အချိန် အမ်းမြို့နယ်အတွင်း အခြေခံကုန်ပစ္စည်းများ စတင်ထောက်ပံ့ ရွှေအမ်းတောင်ခန်းမ၌ ဈေးတောင်ရပ်ကွက်ရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၄၃၀)စုအား အခြေခံကုန်ပစ္စည်း များ စတင်ထောက်ပံ့မှု သတင်းထုတ်ပြန်အပ်ပါသည်။
ရခိုင်ပြည်နယ်လွှတ်တော် အဆောက်အဦသစ်ဖွင့်ပွဲကျင်းပ
ရခိုင်ပြည်နယ်လွှတ်တော် အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါ အဆောက်အဦသစ်ရှေ့၌ ကျင်းပပြုလုပ်သည်။ရှေးဦးစွာ အခမ်းအနားကို ရခိုင်မင်္ဂလာစည်တော်တီး၍ ဖွင့်လှစ်ပြီး ရခိုင်ပြည်နယ် လွှတ်တော် အဆောက်အဦသစ်အား ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှနှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကျောက်တို့က ဖဲကြိုဖြတ်ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ ဦးအေးသာအောင်က ပြည်နယ်လွှတ်တော် အဆောက်အဦသစ် ဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးသည်။ ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှနှင့် ဒုတိယဥက္ကဌ ဦးမြသန်းတို့က အဆောက်အဦသစ်ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တက်ရောက်လာကြသော ဌာနဆိုင်ရာ အကြီးအကဲများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ကြသည်။ ဆက်လက်ဖတ်ရှု့ရန်
ရခိုင်ငြိမ်းချမ်းရေး နှစ်ဖက်စလုံး အတ္တမာနများ လျှော့ချရန် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း
ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် နှစ်ဖက်စလုံး အတ္တမာနများလျှော့ချရန် ရခိုင် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံ ကျော်လှက ပြောသည်။ ကမ္ဘာ့အမွေအနှစ်မြောက် ဦးမြို့တော်သို့ ဒီဗွီဘီဒီဘိတ် အစီအစဉ်ပထမပိုင်းတွင် ၎င်းင်းက ဗီဒီယိုဖိုင်ပေးပို့ ပြောကြားခဲ့ခြင်းဖြစ် သည်။ ”တစ်ဖက်ကိုတစ်ဖက် အပြတ်အသတ်နိုင်မယ်ဆိုတာ ပြောလို့မရ ဘူး။ မသေချာဘူး။ အဲဒါကြောင့် ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေးက လွဲလို့မှတစ်ပါးအခြားမရှိဘူး။ ငြိမ်းချမ်းရေးကိုရဖို့အတွက် နှစ်ဖက်မှာရှိတဲ့ အတ္တ မာနတွေကို ကျွန်တော်တို့လျှော့ချရမယ်” ဟု ၎င်းင်းကဆိုသည်။ AA လိုချင်သည့်ပုံစံမျိုးကို အစိုးရဘက်မှခွင့်ပြုနိုင်ရန် အခက်အခဲ ရှိသကဲ့သို့ အစိုးရဘက်မှခွင့် ပြုနိုင်သည့်အနေအထားကိုလည်း AA ဘက်မှလက်ခံနိုင်ရန် ခက်ခဲ ကြောင်း ၎င်းင်းက ဆိုသည်။ ”အဲဒီအခက်အခဲတွေနဲ့ ပတ်သက်တဲ့မာနကိုယ်စီကို ကိုင်စွဲထားဖို့အစား နှစ်ဖက်စလုံးက ဖြစ်နိုင်တဲ့အခြေအနေကို ညှိပြီးတော့ယူရလိမ့်မယ်။ ကိုင်စွဲထားတဲ့အတ္တ တွေမာနတွေလျှော့ပြီးတော့ ဆက်လက်ဖတ်ရှု့ရန်
ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်း မိတ်ဆက်ခြင်းအလုပ်ရုံ ဆွေးနွေးပွဲကျင်ပ
(၁၈.၁.၂၀၁၈)ရက်နေ့ ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်ကမ္ဘာဘဏ်တို့ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်သော လူထုဗဟိုပြုစီမံကိန်းမိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ အခမ်း အနားအား ကျင်းပခဲ့ပါသည်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ မှအဖွင့်အမှာ စကား ပြေားကြားပြီးနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) ဒုတိယညွှန်းကြားရေးမှူးချုပ် ဦးကျော်စိုးနှင့် ကမ္ဘာဘဏ်ကိုယ်စာလှယ် Mr.Sean Lewis Bradley တို့မှ မိတ်ဆက်စကား ပြေားကြားခဲ့ပါသည်။ ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) ညွှန်ကြားရေးမှူး ဦးလှခိုင်မှ စီမံကိန်းအကြောင်းအကျဉ်းချုပ် မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းဇော်ထွန်းမှ ကျေးရွာအဆင့်စီမံကိန်းစက်ဝန်းအား ရှင်းလင်းတင်ပြခဲ့ပါသည်။ တက်ရောက်လာသူများ မှ စီမံကိန်းမကြောင်းသိရှိလိုသည်များ မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ နေပြည်တော်ကောင်စီဝင်အဆင့်(၁) ဦးအေးမြင့် နှင့် ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဦးမြင့်ဝေ တို့မှလည်း ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။အဆိုပါ ဆွေးနွေးပွဲသို့(၅၃၂)ဦး ဆက်လက်ဖတ်ရှု့ရန်
လူထုဗဟိုပြုစီမံကိန်း လက်တွေ့ အကောင်အထည်ဖော်ဆောင်ရေးဆိုင်ရာ လုပ်ငန်းခွင်ဝင်သင်တန်းဖွင့်ပွဲ
လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်၊ မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ်၊ ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်၊ နေပြည်တော်ကောင်စီနယ်မြေ မှ တပ်ကုန်းမြို့နယ် တို့တွင် စတင်အကောင်အထည်ဖော်ဆောင် ရွက်တော့မည်ဖြစ်ရာ လူထုဗဟိုပြုစီမံကိန်း လက်တွေ့ အကောင်အထည်ဖော်ဆောင်ရေးလူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်၊ မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ်၊ ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်၊ နေပြည်တော်ကောင်စီနယ်မြေ မှ တပ်ကုန်းမြို့နယ် တို့တွင် စတင်အကောင်အထည်ဖော်ဆောင် ရွက်တော့မည်ဖြစ်ရာ လူထုဗဟိုပြုစီမံကိန်း လက်တွေ့ အကောင်အထည်ဖော်ဆောင်ရေးဆိုင်ရာ လုပ်ငန်းခွင်ဝင်သင်တန်းဖွင့်ပွဲ အခမ်းအနားကို (၁၉-၁-၂၀၁၅) ရက်နေ့တွင် မွေးမြုရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများကြဖြစ်သော ဦးတင်ငွေ၊ ဆက်လက်ဖတ်ရှု့ရန်
ရခိုင်ပြည်နယ် အစိုးရဖွဲ့ ဖွဲ့စည်း
ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှာ ရခိုင်အမျိုးသားပါတီ ANP ကိုယ်စားလှယ်တစ်ဦး၊ NLD ကိုယ်စားလှယ် ၁ဦး၊ ပညာရှင် ၃ ဦးနဲ့ဖွဲ့စည်းမှာဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက လွှတ်တော်ဉက္ကဌထံတွင် တင်သွင်းထားကြောင်း ဒီနေ့ကြေငြာလိုက်ပါသည်။