ရခိုင်ပြည်နယ်ဆိုင်ရာ ဆောင်ရွက်ချက်များတွင် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (Independent Commission on Enquiry – ICOE)၏ အကြံပြုချက်များမှ အရှိန် အဟုန်မြှင့် မြန်ဆန်စွာဆောင်ရွက်သင့်သည့် လုပ်ငန်းများနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက် ချက်များကို ပြန်လည်သုံးသပ်ခြင်း၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများကို ညှိနှိုင်းဆောင် ရွက်ခြင်းနှင့် တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်ထွက်ပြေးခြင်း မပြုသည့် နေရပ်စွန့်ခွာသူများ နေထိုင်ရာကျေးရွာများထဲမှ ကျေးရွာ(၇)ရွာကို ပြန်လည်နေရာချထားရေး ဆောင်ရွက်နေမှု များနှင့်စပ်လျဉ်း၍ ကျေးရွာနေသူများ၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်နယ်ဧည့်ဂေဟာရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုး တက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရခိုင် ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်ဖြစ်ရပ်များ နှင့်ပတ်သက်၍ လွတ်လပ်သော စုံစမ်း စစ်ဆေးရေးကော်မရှင်ကို ၂၀၁၈ ခုနှစ် ဇူလိုင် ၃၀ ရက်တွင် ဖွဲ့စည်းခဲ့ပြီး ကော်မရှင်အနေဖြင့် စုံစမ်းစစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ရာ အကြံပြုချက် ၂၂ ချက်ပါသော အစီရင်ခံစာကို ထုတ် ပြန်ခဲ့ပြီးဖြစ်ကြောင်း။
အကြံပြုချက်များတွင် မိမိတို့ တာဝန်ယူဆောင်ရွက်ရမည့် ကဏ္ဍများနှင့် ပတ်သက်၍ လူမှုသဟဇာတဖြစ်စေရေး၊ ပဋိပက္ခများကြောင့် ပြည်တွင်းနေရပ် စွန့်ခွာကြရ သည့် ရခိုင်၊ မွတ်ဆလင်နှင့် အခြားလူနည်းစု တိုင်းရင်းသားများ၏ လိုအပ်ချက်များကို အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ဖြည့်ဆည်းဆောင်ရွက်ပေးရေး၊ ပြည်တွင်းနေရပ် စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် IDP စခန်းများ ပိတ်သိမ်းရေးတို့ကို အမျိုးသားအဆင့် မဟာဗျူ ဟာနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ နိုင်ငံသားစိစစ်ခံယူမည့်သူ၏ သက်သေခံ ကတ်ပြား(NVC) ထုတ်ပေးခြင်းနှင့် ၎င်း၏ အကျိုးဆက်များကို ပြန်လည်သုံးသပ်၍ ဝန်ကြီးဌာနများက ပူးပေါင်း ဆောင်ရွက်ပြီး အကျိုးသက်ရောက်မှုရှိသော အကောင်အထည်ဖော်မှုများဖြစ်စေရေး၊ ရေရှည် ဆောင်ရွက်ရန်လိုအပ်သည့် အသက်မွေးဝမ်းကြောင်း၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ လက် လှမ်းမီရေး၊ လွတ်လပ်စွာ သွားလာခွင့်ရရှိရေးတို့တွင် အဟန့်အတား အကန့်အသတ်များ ဖယ်ရှားပေးနိုင်ရေးနှင့် မိမိတို့၏ အကောင်အထည်ဖော်ဆောင်ရွက်မှုများကို စောင့်ကြည့် အကဲဖြတ်ရေးတို့ ပါဝင်ပါကြောင်း။
ထိုအကြံပြုချက်အများစုသည် မိမိတို့ ဆောင်ရွက်ဆဲ လုပ်ငန်းများဖြစ်ပြီး ထိရောက်စွာ ဆောင်ရွက်နိုင်ရန် တည်ငြိမ်အေးချမ်းမှုသည် အရေးကြီးပါကြောင်း၊ မိမိတို့အနေဖြင့် ဖွံ့ဖြိုး တိုးတက်ရေးကို ဘက်ပေါင်းစုံက ကြိုးပမ်းဆောင်ရွက်ရာတွင် တည်ငြိမ်အေးချမ်းမှုရှိသော နေရာများတွင် ပိုမိုဆောင်ရွက်နိုင်ပါကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေး နှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိ သကဲ့သို့ အာဆီယံနိုင်ငံများ အပါအဝင် မိတ်ဆွေနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။
ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီကို အစိုးရစတင် တာဝန်ယူစဉ်က ဖွဲ့စည်းခဲ့ပြီး ARSA အကြမ်းဖက်မှုနောက်ပိုင်း ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာကြသူများတွင် တစ်ဖက်နိုင်ငံသို့ ထွက်ခွာခြင်းမရှိဘဲ ပြည် တွင်းနေရပ်စွန့်ခွာကြသူများကို ပြန်လည်နေရာချထားရန် ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ကြောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ နှင့်ပတ်သက်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်နိုင်ရန် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေး နှင့် IDP စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာကို ရေးဆွဲထားရှိပြီး ဖြစ်ရာ ယခုဆောင်ရွက်မည့် လုပ်ငန်းစဉ်နှင့် ဆက်စပ်ပါကြောင်း။
မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာ(၇)ရွာကို ကနဦး ဦးစားပေး ရွေးချယ်ဆောင်ရွက် လျက်ရှိရာ ထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် လာရောက်ဆွေးနွေး ခြင်းဖြစ်ကြောင်း၊ ပြန်လည်နေရာချထားရာတွင် ပညာရေး၊ ကျန်းမာရေးနှင့် အသက်မွေးဝမ်း ကြောင်းလုပ်ငန်းများကို လက်လှမ်းမီရန် အဓိက ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ လိုအပ် ချက်များကို ညှိနှိုင်းပူးပေါင်းဖြည့်ဆည်းပေးနိုင်ရန်အတွက် ဝိုင်းဝန်းဆွေးနွေး ပေးကြစေလိုပါ ကြောင်း၊ ဆွေးနွေးမှုရလဒ်များအရ သက်ဆိုင်ရာလုပ်ငန်းအလိုက် မြန်ဆန်စွာ အကောင် အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ပြီး ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ နှင့်စပ်လျဉ်း၍ စောင့်ကြည့်အကဲဖြတ် ဆောင်ရွက်သွားရန်လည်း လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက တစ်ဖက်နိုင်ငံသို့ ထွက်ခွာသွားသူများ အတွက် ပြန်လည်လက်ခံရေးကို အစဉ်တစိုက် ကြိုးပမ်းလျက်ရှိသကဲ့သို့ တစ်ဖက်နိုင်ငံသို့ ထွက်ခွာသွားခြင်းမရှိဘဲ ကျန်ရှိသူများအတွက် ပြည်နယ်အစိုးရအနေဖြင့် ပြည်ထောင်စုအစိုးရ နှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိရာတွင် သက်ဆိုင်ရာ ကျေးရွာများရှိ ကျေးရွာသူ၊ ကျေးရွာ သားများ ပါဝင်ဆောင်ရွက်ရေးသည် အလွန်အရေးကြီးပါကြောင်း၊ ပြန်လည်နေရာချထားရေး ဆောင်ရွက်ရာတွင် ယခင် ဆောင်ရွက်ခဲ့သော အတွေ့အကြုံများအပေါ် သင်ခန်းစာယူကာ တစ်ဦးတစ်ယောက်ချင်း၏ လိုအင်ဆန္ဒထက် အားလုံးအတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ကာ ဆွေးနွေးမှုများ ပြုလုပ်ပေးခြင်းဖြင့် ကောင်းမွန်သော အနာဂတ်ကို ရရှိခံစားနိုင် ကြမည်ဖြစ်သဖြင့် ပူးပေါင်းအဖြေရှာဆွေးနွေးပေးကြပါရန် ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးစိုးအောင်က နေရပ်စွန့်ခွာသူများ ပြန်လည်နေရာ ချထားရေးနှင့် IDP စခန်းများ ပိတ်သိမ်းရေးအတွက် အမျိုးသားကော်မတီ ဖွဲ့စည်းပြီးစီးမှု အခြေအနေ၊ တစ်ဖက်နိုင်ငံသို့ ထွက်ခွာသွားခြင်းမပြုသည့် နေရပ်စွန့်ခွာသူများ၏ ကျေးရွာများ ထဲမှ ကျေးရွာ(၇)ရွာတွင် Cash for Work အစီအစဉ်ဖြင့် အနည်းဆုံး မူလအနေအထား ပြန်ဖြစ်အောင် စီစဉ်ဆောင်ရွက်နေမှုအပေါ် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရန် ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင် ကျော်ဇံက တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်ထွက်ပြေးခြင်းမပြုသည့် နေရပ်စွန့်ခွာသူများ၏ ကျေးရွာများထဲမှ ကျေးရွာ(၇)ရွာတွင် Cash for Work အစီအစဉ်ဖြင့် ပြန်လည်နေရာချ ထားရေး စနစ်တကျမှတ်တမ်းများဖြင့် ဆောင်ရွက်ထားရှိမှုကို ဆွေးနွေးပြောကြားသည်။
ယင်းနောက် ပြန်လည်နေရာချထားရေး ဆောင်ရွက်လျက်ရှိသည့် ကျေးရွာ(၇)ရွာမှ ကိုယ်စားလှယ်များက ပဒင်း – မောင်တောလမ်း ပြုပြင်ရေး၊ စာသင်ကျောင်းဆောင်များ ပြုပြင် ရေး၊ အသက်မွေးဝမ်းကြောင်း နှင့်ပတ်သက်၍ စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ပစ္စည်းများ ပံ့ပိုး ပေးရေး၊ ရေလုပ်ငန်းတွင် အသုံးပြုရန် လိုအပ်သော စက်လှေများနှင့် ငါးဖမ်းကိရိယာများ ပံ့ပိုး ပေးရေး စသည့် လိုအပ်ချက်များနှင့် ပြန်လည်နေရာချထားရေး ဆောင်ရွက်လျက်ရှိရာတွင် မူလအိမ်များကို ပြုပြင်ပေးခြင်း၊ လိုအပ်သောနေရာများတွင် အသစ်ပြန်လည် တည်ဆောက် ပေးခြင်း စသည့် လက်ရှိဆောင်ရွက်နေမှုများတွင် ပံ့ပိုးကူညီရန် လိုအပ်မှုများကို တင်ပြကြ သည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ က ပူးပေါင်းဖြည့်ဆည်းပေးနိုင်ရေး ဆွေးနွေးခဲ့ကြသည်။
ထို့နောက် စစ်တွေမြို့ပေါ်ရှိ IDP စခန်းနေသူများ ပြန်လည်နေရာချထားရေးနှင့် စခန်း ပိတ်သိမ်းရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှု အစည်းအဝေးကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက IDP စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုး သားအဆင့် မဟာဗျူဟာကို ပြည်တွင်း၌ အမှန်တကယ် လက်တွေ့အသုံးချ ဆောင်ရွက်နိုင်ရန် ရေးဆွဲဆောင်ရွက်ခဲ့မှုနှင့် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီအောင် ဆောင်ရွက်ခဲ့ မှုများကို ရှင်းလင်းပြောကြားပြီး အဆိုပါ အမျိုးသားအဆင့် မဟာဗျူဟာကို စခန်းနေသူများ ရှင်းလင်းစွာ သိရှိ၍ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်မှုများ၊ လူမှုသဟဇာတဖြစ်ရေးသည် ပြန်လည် နေရာချထားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက လိုအပ်ချက်ဖြစ်ကြောင်း၊ စခန်း တစ်ခုချင်းစီ၏ လိုအပ်ချက်အပေါ် မူတည်၍ လုပ်ငန်းစီမံချက်များ ရေးဆွဲဆောင် ရွက်ရမည် ဖြစ်၍ ယနေ့တွေ့ဆုံမှုတွင် ထပ်မံရွှေ့ပြောင်းရမှုများကို အဆုံးသတ်နိုင်ရန်နှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည်နေရာချထားရေးနှင့် စခန်းများပိတ်သိမ်းရေး ဆောင်ရွက်ရန် စီစဉ်ညှိနှိုင်းနေမှုများကို ရှင်းလင်းဆွေးနွေးကြပြီး စခန်းတာဝန်ခံများက လိုအပ်ချက်များနှင့် စခန်းနေသူများ၏ ဆန္ဒသဘောထားများကို ရှင်းလင်းတင်ပြကြသည်။
Checked out the shark tank blurb about skincare cream. Elianora Barnett Pradeep
Great post. I will be experiencing a few of these issues as well.. Koral Boote Aiello
Way cool! Some very valid points! I appreciate you penning this article and the rest of the site is very good. Betta Omar Leonanie
Nice deal. excellent Vacheron Constantin watch, Thanks. Christina Guido Fazeli
Everyone loves it when folks get together and share views. Great website, continue the good work. Consuela Patty Grory
Awesome issues here. I am very satisfied to peer your article. Raven Alonso Lauri
Hurrah! In the end I got a weblog from where I be able to truly get valuable information concerning my study and knowledge. Patrizia Clim Buzz
Im grateful for the blog article. Thanks Again. Really Great. Berget See Kaete
There is perceptibly a lot to know about this. I think you made various good points in features also. Melisse Ailbert Raynell
Everything is very open with a really clear explanation of the issues. It was definitely informative. Your website is useful. Thanks for sharing. Andeee Lance Alick
We are will quickly and also effectively produce a service warranty Premium remodelling manhattan. Felipa Benyamin Atalaya
What a information of un-ambiguity and preserveness of precious experience about unpredicted feelings. Tish Fremont Brett
Im thankful for the article. Much thanks again. Really Great. Laetitia Hamnet Venus
I value the blog post. Much thanks again. Keep writing. Dyan Broddy Handal
Way cool! Some very valid points! I appreciate you writing this post plus the rest of the website is very good. Fleur Claiborne Turner
Thankyou for helping out, wonderful information. Jenda Christos Bushweller
Wonderful post! I wish I could write with your prowess. I hope lots of visitors take the opportunity to read your great content. Adriaens Garwood Rennane
I am genuinely pleased to read this weblog posts which includes lots of valuable facts, thanks for providing such statistics. Aline Christie Arnie
Thanks for sharing your thoughts. I truly appreciate your efforts and I am waiting for your further post thank you once again. Carlye Stavro Maurits
Thanks-a-mundo for the article. Much thanks again. Fantastic. Violante Lennie Rasla
Pretty! This has been an extremely wonderful article. Thanks for supplying this information. Flossy Erv Micaela
Hello, I wish for to subscribe for this web site to get newest updates, so where can i do it please help out. Prudi Stacy Heigho
Hurrah! Finally I got a web site from where I can genuinely get useful data concerning my study and knowledge. Tallulah Bevon Moser
This piece of writing offers clear idea in favor of the new viewers of blogging, that in fact how to do blogging and site-building. Yolande Meyer Akers
I love the efforts you have put in this, thanks for all the great articles . Merrili Angel Ardelia
I think this site contains very great composed content material articles. Nissie Nevil Winchester
You have mentioned very interesting points! ps nice internet site. Codee Lindon Lotz
Usually posts some very intriguing stuff like this. If youre new to this site. Matti Correy Kosaka
There is perceptibly a lot to realize about this. I feel you made some good points in features also. Korry Cal Kerry
I really liked this blog post. Thanks for sharing it. You do an awesome job on this site! Marji Rodolfo Wasson
I do not even know how I ended up here, but I thought this post was great. Franciska Granger Inoue
e is generally spent on housing, food, and also entertainment. Ellynn Wylie Lianne
Civil War after party thread up. Where all the cool kids go. Dorolisa Car Veator
حمل اثاثیه منزل در سعادت آباد