ဥက္ကဋ္ဌသတင်းများ

ဘူးသီးတောင် မောင်တောဒေသ ခံတွေ နေရပ်စွန့်ခွာနေတာကို ကာကွယ်ဖို့ လွှတ်တော်ဥက္ကဌပြော

ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးကို ဇွန်လ ၂၇ ရက်နေ့က ကျင်းပနေစဉ် ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောဒေသခံတွေဟာ အသက်အန္တရာယ်စိုးရိမ်ရတာကြောင့် နေရပ်စွန့်ခွာ မှုတွေရှိနေတာကို ကာကွယ်နိုင်ဖို့အတွက် လွှတ်တေေ့ာ်နဲ့ အစိုးရ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်း ရခိုင်ပြည် နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက ဒီန ပြောလိုက်ပါတယ်။ဒီနေ့စတင်ကျင်းပတဲ့ ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ “အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေဖြစ်လို့ နေရပ်ကိုစွန့်ခွာနေရတာဖြစ်ပါတယ်၊ ပြည်သူတွေအတွက် ကျနော်တို့ကာကွယ်ပေးရပါမယ်၊ လွှတ်တော်ရော၊ အစိုးရပါ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်” လွှတ်တော်နဲ့အစိုးရဆိုတာ အမြဲတမ်းသဟဇာတမဖြစ်နိုင်ပေမယ့် အမျိုးသားအကျိုးစီးပွားနဲ့ နယ်မြေတည်တံ့ခိုင် မြဲရေးကိစ္စတွေမှာ တသားတည်းကျဖို့ လိုအပ်တယ်လို့လည်း လွှတ်တော်ဥက္ကဌက ပြောခဲ့ပါတယ်။ ဘူးသီးတောင် မောင်တောဒေသမှာ နေထိုင်တဲ့ တိုင်းရင်းသားတွေဟာ ၂၀၁၂ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနောက်ပိုင်း နေရပ်စွန့်ခွာမှုတွေရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ် ဆက်လက်ဖတ်ရှု့ရန်

ဥက္ကဋ္ဌသတင်းများ

ဒေသဖွံ့ဖြိုးရေးအတွက် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ပြည်နယ်အစိုးရကို တိုက်တွန်း

ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ တွေ့ရစဉ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်ပင်ညှိနှိုင်း ဆောင် ရွက်ကြဖို့ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစံကျော်လှ က ရခိုင်ပြည်နယ်အစိုးရအဖွဲဲ့ကို ဒီနေ့ တိုက်တွန်းလိုက် ပါတယ်။ ဒီနေ့ စတင်ကျင်းပတဲ့ ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့မှာ ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက မိန့်ခွန်းပြောကြားရာမှာ တိုက်တွန်း ပြောကြားခဲ့တာဖြစ်ပါတယ်။ “အစိုးရအဖွဲ့အနေနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်တဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ်များနဲ့ အတတ် နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်ပေးကြပါ၊ ကိုယ်စားလှယ်များအနေနဲ့လည်း မိမိတို့ဆောင်ရွက်မှုဟာ ဝင်ရောက်စွက် ဖက်သလို မဖြစ်ရအောင် ရှောင်ကြည်ဖို့ တိုက်တွန်းပါတယ်” လွှတ်တော်တွေရဲ့ သဘာဝအတိုင်း လွတ်လပ်စွာ သဘောထားကွဲလွဲတာတွေနဲ့ အမြင်မတူတာတွေ ရှိကြမှာဖြစ် ဆက်လက်ဖတ်ရှု့ရန်

ဒုဥက္ကဋ္ဌသတင်းများ

ရခိုင်ပြည်နယ် ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်

နေပြည်တော် ဧပြီ ၃ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုး တိုးတက်ရေးအကောင်အထည်ဖော်ရေး ဗဟို ကော်မတီသည် ဒေသတွင်း ပြန်လည်နေရာချထား ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီ၏ အကောင်အထည်ဖော်မှုဖြင့် ရခိုင်ပြည်နယ် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ ဒေသတွင်းပြန်လည်နေရာချထားရေး လုပ်ငန်းကို စတင်အကောင်အထည်ဖော်ရန် စီစဉ် ဆောင်ရွက်လျက်ရှိသည်။ ဒေသတွင်းပြန်လည် နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်မှာ ရခိုင်ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်မှာ အဓိကပါဝင်သော အချက်တစ်ချက်ဖြစ်ပါသည်။ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းစက်မှုဇုန်တွင် CMP အထည်ချုပ်လုပ်ငန်းများ အကောင်အထည်ဖော်ရန် အတွက် စီမံဆောင်ရွက်လျက်ရှိရာ ကနဦးဆောင်ရွက် ချက်အနေဖြင့် စစ်တွေမြို့ ဆပ်ရိုးကျ ရပ်ကွက်တွင် အထည်ချုပ်စက်ရုံငယ်တစ်ခုကို တည်ထောင်ပြီး လုပ်ငန်းစတင် လည်ပတ်လျက်ရှိရာ ရခိုင်တိုင်းရင်းသူ အမျိုးသမီးဝန်ထမ်းအင်အား တစ်ရာကျော် အလုပ်အကိုင်ရရှိလျက်ရှိသည်။ ရန်ကုန်မြို့နှင့် ဆက်လက်ဖတ်ရှု့ရန်

သတင်းနှင့်ပြန်ကြားရေးကဏ္ဍ

ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်း မိတ်ဆက်ခြင်းအလုပ်ရုံ ဆွေးနွေးပွဲကျင်ပ

(၁၈.၁.၂၀၁၈)ရက်နေ့ ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်ကမ္ဘာဘဏ်တို့ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်သော လူထုဗဟိုပြုစီမံကိန်းမိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ အခမ်း   အနားအား ကျင်းပခဲ့ပါသည်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ မှအဖွင့်အမှာ စကား ပြေားကြားပြီးနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) ဒုတိယညွှန်းကြားရေးမှူးချုပ် ဦးကျော်စိုးနှင့် ကမ္ဘာဘဏ်ကိုယ်စာလှယ် Mr.Sean Lewis Bradley  တို့မှ မိတ်ဆက်စကား ပြေားကြားခဲ့ပါသည်။ ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) ညွှန်ကြားရေးမှူး ဦးလှခိုင်မှ စီမံကိန်းအကြောင်းအကျဉ်းချုပ် မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)  လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်း​ဇော်ထွန်းမှ ကျေးရွာအဆင့်စီမံကိန်းစက်ဝန်းအား ရှင်းလင်းတင်ပြခဲ့ပါသည်။ တက်ရောက်လာသူများ မှ စီမံကိန်းမကြောင်းသိရှိလိုသည်များ မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ နေပြည်တော်ကောင်စီဝင်အဆင့်(၁) ဦးအေးမြင့် နှင့် ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဦးမြင့်ဝေ တို့မှလည်း ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။အဆိုပါ  ဆွေးနွေးပွဲသို့(၅၃၂)ဦး ဆက်လက်ဖတ်ရှု့ရန်

သတင်းနှင့်ပြန်ကြားရေးကဏ္ဍ

လူထုဗဟိုပြုစီမံကိန်း လက်တွေ့ အကောင်အထည်ဖော်ဆောင်ရေးဆိုင်ရာ လုပ်ငန်းခွင်ဝင်သင်တန်းဖွင့်ပွဲ

လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်၊ မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ်၊ ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်၊ နေပြည်တော်ကောင်စီနယ်မြေ မှ တပ်ကုန်းမြို့နယ် တို့တွင် စတင်အကောင်အထည်ဖော်ဆောင် ရွက်တော့မည်ဖြစ်ရာ လူထုဗဟိုပြုစီမံကိန်း လက်တွေ့ အကောင်အထည်ဖော်ဆောင်ရေးလူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်၊ မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ်၊ ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်၊ နေပြည်တော်ကောင်စီနယ်မြေ မှ တပ်ကုန်းမြို့နယ် တို့တွင် စတင်အကောင်အထည်ဖော်ဆောင် ရွက်တော့မည်ဖြစ်ရာ လူထုဗဟိုပြုစီမံကိန်း လက်တွေ့ အကောင်အထည်ဖော်ဆောင်ရေးဆိုင်ရာ လုပ်ငန်းခွင်ဝင်သင်တန်းဖွင့်ပွဲ အခမ်းအနားကို (၁၉-၁-၂၀၁၅) ရက်နေ့တွင် မွေးမြုရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများကြဖြစ်သော ဦးတင်ငွေ၊ ဆက်လက်ဖတ်ရှု့ရန်

သတင်းနှင့်ပြန်ကြားရေးကဏ္ဍ

ရခိုင်ပြည်နယ် အစိုးရဖွဲ့ ဖွဲ့စည်း

ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှာ ရခိုင်အမျိုးသားပါတီ ANP ကိုယ်စားလှယ်တစ်ဦး၊ NLD ကိုယ်စားလှယ် ၁ဦး၊ ပညာရှင် ၃ ဦးနဲ့ဖွဲ့စည်းမှာဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက လွှတ်တော်ဉက္ကဌထံတွင် တင်သွင်းထားကြောင်း ဒီနေ့ကြေငြာလိုက်ပါသည်။

ဥက္ကဋ္ဌသတင်းများ

ဒေသဖွံ့ဖြိုးရေးအတွက် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ပြည်နယ်အစိုးရတိုက်တွန်း

ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်ပင်ညှိနှိုင်း ဆောင်ရွက်ကြဖို့ လွှတ်တော်ဿက္ကဌ ဦးစံကျော်လှက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ဒီနေ့တိုက်တွန်း လိုက်ပါတယ်။             ဒီနေ့စတင်ကျင်းပတဲ့ ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ပထမနေ့မှာ ပြည်နယ် လွှတ်တော်ဉက္ကဌ ဦးစံကျော်လှက မိန့်ခွန်းပြောကြားရာမှာ ပါဝင်ပြောကြားခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးကဏ္ဍ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် စီမံကိန်းမိတ်ဆက်ပွဲ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် စီမံကိန်းမိတ်ဆက်ပွဲ အလုပ်ရုံဆွေးနွေးပွဲ ကို  (၆-၂-၂၀၁၈) ရက်နေ့တွင် ကျင်းပပြုလုပ်လျက် ရှိရာ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစံကျော်လှမှ အဖွင့်အမှာစကားပြောကြားခြင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး မွေးမြူရေး သစ်တော်နှင့် သတ္တုတွင်းဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး ဦးကျော်လွင်မှ မိတ်ဆက်စကားပြောခြင်း  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်မှ မိတ်ဆက်စကားပြောခြင်း ကမ္ဘာ့ဘဏ်မှ ကိုယ်စားလှယ် Mr. Ingo Wiederhofer မှမိတ်ဆက် စကားပြောခြင်း ညွှန်ကြားရေးမှူးဦးလှခိုင်မှ စီမံကိန်းအကြောင်းအကျဉ်းချုပ် မိတ်ဆက်ရှင်းလက်းခြင်း လ/ထညွှန်ကြားရေးမှူးဦးဝင်းဇော်ထွန်းမှ စီမံကိန်းစက်ဝန်းအားရှင်းလင်းတင်ပြခြင်း တက်ရောက်လာသူများမှ သိလိုသည်များကိုမေးမြန်းခြင်းနှင် ဖြေကြားခြင်း တို့ပြုလုပ်ခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမောင်မှ ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားပြီးဆုံးခဲ့သည် အစည်းအဝေးတွင် လူဦးရေ (၅၀၀)ခန့် တက်ရောက်ခဲ့သည်။