အမိန့်ကြော်ငြာစာများ

ကော်မတီအဖွဲ့ဝင်များ ထပ်မံထည့်သွင်းဖွဲ့စည်းခြင်း၊ ပြေင်းရွှေ့ခြင်းနှင့် ပယ်ဖျက်ခြင်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဌမပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၁၁-၆-၂၀၁၈) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၅၆/၂၀၁၈) ရက်အား ထုတ်ပြန်ကြေငြာလိုက်သည်-

အမိန့်ကြော်ငြာစာများ

ကော်မတီအဖွဲ့ဝင်များ အစားထိုး လဲလှယ်ဖွဲ့စည်းခြင်း

ပြည်သူ့လွှတ်တော်သည် ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဉပဒေပုဒ်မ ၂၇/၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဉပဒေ ၁၀၆ နှင့် ပြည်သူ့လွှတ်တော် အစည်းအဝေးဆုံးဖြတ်ချက်တို့အရ ဖွဲ့စည်းခဲ့သည် အောက်ပါကော်မတီဝင်များတွင် ယှဉ်တွဲပါတပ်မတော်သားများ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ် အစားထိုးလဲလှယ်ဖွဲ့စည်းလိုက်သည်

ဒုဥက္ကဋ္ဌသတင်းများ

ရခိုင်လွှတ်တော် ဒုဥက္ကဋ္ဌ အဖြစ် ရခိုင်အမျိုးသားပါတီ မှ ဦးမြသန်း အား ရွေးချယ်

ဇူလိုင်လ ၁၄ရက်နေ့ က ပြုလုပ်သည့် ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး (အဋ္ဌမနေ့)တွင် ရခိုုင်ပြည်နယ်လွှတ်တော် ၏လစ်လပ်လျက်ရှိသည့် လွှတ်တော် ဒုတိယဥက္ကဋ္ဌ ရာထူးအတွက် ကိုယ်စားလှယ်ရွေးချယ်ပွဲအား ထည့်သွင်းပြုလုပ်ခဲ့သည်။ ယခင်က ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သည့်ဦးဖိုးမင်းသည် ဒုတိယအကြိမ် ရခိုင်ပြည်နယ် လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးများ မကျင်ပမီ ကွယ်လွန်သွားခဲ့သောကြောင့် လစ်လပ်နေသည့် လွှတ်တော်ဒုဥက္ကဋ္ဌ ရာထူးအတွက် ပြန်လည်ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်သည့်ကိုယ်စားလှယ် ၃ဦး ရှိခဲ့ပြီး၊ ၄င်းတို့ အနက် ရခိုင်အမျိုးသားပါတီ မှမြေပုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) ကိုယ်စားလှယ်ဦးမြသန်း အား လွှတ်တော် ကိုယ်စားလှယ် အများစု က မဲပေး ဆက်လက်ဖတ်ရှု့ရန်

ဥက္ကဋ္ဌသတင်းများ

ရခိုင်အရေးကို ပွင့်လင်းမြင်သာစွာနဲ့ သတ္တိရှိရှိ ဆွေးနွေးကြဖို့ လွှတ်တော်ဥက္ကဌတိုက်တွန်း

ရခိုင်ပြည်နယ်အရေးကိစ္စတွေကို ဆွေးနွေးတဲ့အခါမှာ ပွင့်လင်းမြင်သာစွာနဲ့ သတ္တိရှိရှိ ပြောရဲဆိုရဲ ရှိကြဖို့အတွက် ကိုယ်စားလှယ်တွေကို လွှတ်တော်ဥက္ကဌက တိုက်တွန်းပြောကြားလိုက်ပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။ ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေအနေတွေမှာ ရခိုင်ပြည်သူတွေအနေနဲ့ ကြီးမားတဲ့ပြဿနာတွေကို ရင်ဆိုင်နေကြရရဲဆိုရဲဖို့ လိ်ုအပ်တယ်လို့ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌက ဒီကနေ့ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ဒဿမပုံမှန်အစည်းပြီး အဲ့ဒီကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ပြောဆိုဆွေးနွေးကြတဲ့အခါမှာ ကိုယ်စားလှယ်တွေအနေနဲ့ ပွင့်လင်းမြင်သာမှုရှိစွာ သတ္တိရှိရှိ ပြောအဝေး ပထမနေ့မှာ ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် မိမိတို့ဟာ ရခိုင်ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ လူထုကိုယ်စားလှယ်တွေဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်ရဲ့ ပြဿနာတွေကိုပြေလည်မှုရရှိလာအောင် ဆောင်ရွက်ကြဖို့ တာဝန်ရှိကြောင်းနဲ့ ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ လုပ်ဆောင်ဖို့လိုအပ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ကိုယ်စားလှယ်တွေမနေနဲ့ သတ္တိရှိရှိပြောဆိုဆွေးနွေးမှုတွေ ဆောင်ရွက်ကြတဲ့အခါ တခြားသူကို မထိခိုက်ဘဲ ဆက်လက်ဖတ်ရှု့ရန်

သတင်းနှင့်ပြန်ကြားရေးကဏ္ဍ

ရခိုင်ပြည်နယ်လွှတ်တော် အဆောက်အဦသစ်ဖွင့်ပွဲကျင်းပ

ရခိုင်ပြည်နယ်လွှတ်တော် အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါ အဆောက်အဦသစ်ရှေ့၌ ကျင်းပပြုလုပ်သည်။ရှေးဦးစွာ အခမ်းအနားကို ရခိုင်မင်္ဂလာစည်တော်တီး၍ ဖွင့်လှစ်ပြီး ရခိုင်ပြည်နယ် လွှတ်တော် အဆောက်အဦသစ်အား ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှနှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကျောက်တို့က ဖဲကြိုဖြတ်ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ ဦးအေးသာအောင်က ပြည်နယ်လွှတ်တော် အဆောက်အဦသစ် ဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးသည်။ ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှနှင့် ဒုတိယဥက္ကဌ ဦးမြသန်းတို့က အဆောက်အဦသစ်ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တက်ရောက်လာကြသော ဌာနဆိုင်ရာ အကြီးအကဲများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ကြသည်။ ဆက်လက်ဖတ်ရှု့ရန်

သတင်းနှင့်ပြန်ကြားရေးကဏ္ဍ

ရခိုင်ငြိမ်းချမ်းရေး နှစ်ဖက်စလုံး အတ္တမာနများ လျှော့ချရန် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း

ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် နှစ်ဖက်စလုံး အတ္တမာနများလျှော့ချရန် ရခိုင် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံ ကျော်လှက ပြောသည်။ ကမ္ဘာ့အမွေအနှစ်မြောက် ဦးမြို့တော်သို့ ဒီဗွီဘီဒီဘိတ် အစီအစဉ်ပထမပိုင်းတွင် ၎င်းင်းက ဗီဒီယိုဖိုင်ပေးပို့ ပြောကြားခဲ့ခြင်းဖြစ် သည်။ ”တစ်ဖက်ကိုတစ်ဖက် အပြတ်အသတ်နိုင်မယ်ဆိုတာ ပြောလို့မရ ဘူး။ မသေချာဘူး။ အဲဒါကြောင့် ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေးက လွဲလို့မှတစ်ပါးအခြားမရှိဘူး။ ငြိမ်းချမ်းရေးကိုရဖို့အတွက် နှစ်ဖက်မှာရှိတဲ့ အတ္တ မာနတွေကို ကျွန်တော်တို့လျှော့ချရမယ်” ဟု ၎င်းင်းကဆိုသည်။ AA လိုချင်သည့်ပုံစံမျိုးကို အစိုးရဘက်မှခွင့်ပြုနိုင်ရန် အခက်အခဲ ရှိသကဲ့သို့ အစိုးရဘက်မှခွင့် ပြုနိုင်သည့်အနေအထားကိုလည်း AA ဘက်မှလက်ခံနိုင်ရန် ခက်ခဲ ကြောင်း ၎င်းင်းက ဆိုသည်။ ”အဲဒီအခက်အခဲတွေနဲ့ ပတ်သက်တဲ့မာနကိုယ်စီကို ကိုင်စွဲထားဖို့အစား နှစ်ဖက်စလုံးက ဖြစ်နိုင်တဲ့အခြေအနေကို ညှိပြီးတော့ယူရလိမ့်မယ်။ ကိုင်စွဲထားတဲ့အတ္တ တွေမာနတွေလျှော့ပြီးတော့ ဆက်လက်ဖတ်ရှု့ရန်