ရခိုင်ပြည်နယ်အရေးကိစ္စတွေကို ဆွေးနွေးတဲ့အခါမှာ ပွင့်လင်းမြင်သာစွာနဲ့ သတ္တိရှိရှိ ပြောရဲဆိုရဲ ရှိကြဖို့အတွက် ကိုယ်စားလှယ်တွေကို လွှတ်တော်ဥက္ကဌက တိုက်တွန်းပြောကြားလိုက်ပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။ ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေအနေတွေမှာ ရခိုင်ပြည်သူတွေအနေနဲ့ ကြီးမားတဲ့ပြဿနာတွေကို ရင်ဆိုင်နေကြရရဲဆိုရဲဖို့ လိ်ုအပ်တယ်လို့ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌက ဒီကနေ့ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ဒဿမပုံမှန်အစည်းပြီး အဲ့ဒီကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ပြောဆိုဆွေးနွေးကြတဲ့အခါမှာ ကိုယ်စားလှယ်တွေအနေနဲ့ ပွင့်လင်းမြင်သာမှုရှိစွာ သတ္တိရှိရှိ ပြောအဝေး ပထမနေ့မှာ ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် မိမိတို့ဟာ ရခိုင်ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ လူထုကိုယ်စားလှယ်တွေဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်ရဲ့ ပြဿနာတွေကိုပြေလည်မှုရရှိလာအောင် ဆောင်ရွက်ကြဖို့ တာဝန်ရှိကြောင်းနဲ့ ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ လုပ်ဆောင်ဖို့လိုအပ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ကိုယ်စားလှယ်တွေမနေနဲ့ သတ္တိရှိရှိပြောဆိုဆွေးနွေးမှုတွေ ဆောင်ရွက်ကြတဲ့အခါ တခြားသူကို မထိခိုက်ဘဲ လူမျိုးတစ်မျိုးနဲ့တမျိုး အမုန်းပွားစေမယ့် ကိုယ်နှုတ်အမူရာတွေကို ရှောင်ကြဉ်ကဖို့ကိုလည်း သတိပေးပြောဆိုခဲ့တာပါ။
