ဥက္ကဋ္ဌသတင်းများ

ပါတီစွဲ ကင်းရှင်းစွာ ရပ်တည်မည်ဟု ရခိုင်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှ ပြောကြား

ယမန်နေ့ ဖေဖေါ်ဝါရီ ၈ ရက်နေ့က ပြည်နယ်လွှတ်တော် ဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက် ခံခဲ့ရတဲ့ ရခိုင်အမျိုးသားပါတီရဲ့ ပုဏ္ဏားကျွန်းမြို့နယ် မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစံကျော်လှက သူ့အနေနဲ့ ပါတီစွဲ စိတ်မထားဘဲ အဂတိတရား ကင်းရှင်းစွာ ရပ်တည်သွားမှာ ဖြစ်ကြောင်း RiA ကို ပြောကြားလိုက်ပါတယ်။“ကျွန်တော်က ပါတီမှာလည်း တာဝန်တစ်ခုရှိတယ်။ အခု လွှတ်တော်တာဝန်ကိုပါ ထမ်းဆောင်ပေးဖို့ အတွက် လွှတ်တော်ကိုယ်စားလှယ်တွေ ကနေ ပေးအပ်တဲ့အတွက် နောက်ထပ် တာဝန်တစ်ခုကို ထမ်းဆောင်ရတော့မှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ အဂတိတရားတွေကို ကင်းကင်း ရှင်းရှင်းဖြစ်အောင် ပြုလုပ်သွားမှာပါ။ ဘယ်ပါတီက တင်သွင်းတဲ့ အဆိုတွေမို့ ပိုပြီး အလေးသာစေမယ် ဆိုခြင်းထက် ရခိုင်ပြည်နယ်အတွက် အမှန်တကယ်လိုအပ်တဲ့ အရာတွေကိုသာ ဦးစားပေးသွားမှာပါ” မနေ့က ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ်မြောက် ရခိုင်ပြည်နယ်လွှတ်တော်တွင် လွှတ်တော် ဥက္ကဌနှင့် ဒုဥက္ကဌ နေရာကို ရွေးချယ်နိုင်ခဲ့ပြီး ရခိုင်အမျိုးသားပါတီတစ်ခုတည်းက ဥက္ကဌအဖြစ် ဦးစံကျော်လှ နှင့် ဒုဥက္ကဌအဖြစ် ဦးဘိုးမင်းတို့မှာ ကန့်ကွက်သူမရှိ တင်မြှောက်ခံခဲ့ရပါတယ်။

Leave a Reply

Your email address will not be published.