ဥက္ကဋ္ဌသတင်းများ

ဒေသဖွံ့ဖြိုးရေးအတွက် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ပြည်နယ်အစိုးရကို တိုက်တွန်း

ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ တွေ့ရစဉ်

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်ပင်ညှိနှိုင်း ဆောင် ရွက်ကြဖို့ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစံကျော်လှ က ရခိုင်ပြည်နယ်အစိုးရအဖွဲဲ့ကို ဒီနေ့ တိုက်တွန်းလိုက် ပါတယ်။ ဒီနေ့ စတင်ကျင်းပတဲ့ ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့မှာ ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက မိန့်ခွန်းပြောကြားရာမှာ တိုက်တွန်း ပြောကြားခဲ့တာဖြစ်ပါတယ်။ “အစိုးရအဖွဲ့အနေနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်တဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ်များနဲ့ အတတ် နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်ပေးကြပါ၊ ကိုယ်စားလှယ်များအနေနဲ့လည်း မိမိတို့ဆောင်ရွက်မှုဟာ ဝင်ရောက်စွက် ဖက်သလို မဖြစ်ရအောင် ရှောင်ကြည်ဖို့ တိုက်တွန်းပါတယ်” လွှတ်တော်တွေရဲ့ သဘာဝအတိုင်း လွတ်လပ်စွာ သဘောထားကွဲလွဲတာတွေနဲ့ အမြင်မတူတာတွေ ရှိကြမှာဖြစ် ပြီး ပြည်နယ်ရဲ့အကျိုးစီးပွား၊ အမျိုးသား အကျိုးစီးပွားကို ရှေးရှုပြီး  ဆွေးနွေး ညှိနှိုင်းအဖြေရှာကြဖို့လည်း ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစံကျော်လှ က ပြောပါတယ်။ ဒီနေ့စတင်ကျင်းပနေတဲ့ ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ပြည်ထောင်စုကနေ  မကြာမီရောက်ရှိ လာမယ့် ရခိုင်ပြည်နယ်ရဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေ  ခွဲဝေချထားမှု ဥပဒေမူကြမ်းကို အတည်ပြုနိုင်ရေး အပြင် လွှတ်တော်ကိုယ်စားလှယ်တွေ  တင်ပြထားတဲ့ အဆို၊ မေးခွန်း၊ ဥပဒေကြမ်းတွေကို ဆွေးနွေးနိုင်ရေး အတွက်  ခေါ်ယူကျင်းပတာဖြစ်တယ်လို့လည်း ပြောပါတယ်။

Leave a Reply

Your email address will not be published.